မနေ့ က ငါဘာဖြစ်ပါလိမ့် မစားတော့ဘူး ဟုတ်တယ်
 ခက်ပေါ့ပေါ့ ဈေးကြီးကြီး အစားစာတွေ ဟုတ်တယ်
 ကိုယ်က ငမွဲ သူဆင်းရဲလေ ဟုတ်ပါတယ်ဗျ ခင်ဗျားလို တွန်းတင်မယ့်လက်တွေ ပျတ်ခဲ့ တဲ့ ကောင်
 ဟေ့ ဘာဖြစ်လို့ ဒါတွေပြောနေတာလည်း ကိုယ့်လမ်းကိုသွားပါလား
 အမှန်တရား အမှန်တရား အာ လာ လာ အော်မနေနဲ့ အမှန်ဆိုတာ အမှားကမွေးဖွားတာဗျ
 ဟဲမင်းဝေက ၃၉ ခါငြင်းပယ်ခံရတယ်တဲ့  နယ်ဆင်မင်ဒဲလားက ထောင်နှစ်၂၀ ကျခံရတယ်တဲ့ ဗျ
 အော် မေ့နေတယ် ဟဲ့ ကောင်မလေး နင် …………..လွတ်နေတယ် နင့်ရေကန် က မလုံဘူးဟ
 ဟိုက် …မှားလို့ မှားလို့  ဒါက စတိုင် …ဒါ က ခေတ်ပေါ် ဒါ က လူငယ်ဟ ။
 ငါမေ့နေတယ် အမှားဟာ အမှန်ဖြစ်တယ် လို့ စောစောကငါပြောခဲ့ တာ ဒါဆို ဒါ အမှန်ကြီးပေါ့ 
 သေပါရော ….ဟယ်လို..ဟယ်လို ညီမလေး ကြားလား ကြားလား ငါရန်ကုန်က ခေါ်နေတာဟ
 မလာနဲ့ ရန်ကုန်ကို ၇န်ကုန်က ရန်မလုံဘူး နေလောင်နိုင်တဲ့ ဓာတ်ငွေ့ တွေ ပျယ်ဖို့ အားအကောင်းဆုံးအချိန်
 နင်ကြားတာ ဟုတ်တော့ ဟုတ်တယ်ဟ မင်းကိုနိင် မင်းထင်ကိုကိုကြီး ဟုတ်တယ် ပြန်လာတာတော့လေ
 သူရဲကောင်းဆိုတာက စာအုပ်ထဲမှာပဲ ကြည့်ပေရော ငါ့နှမ ရော့ ဗိုလ်ချူပ် ပုံ ။
 ကျေးပြု၍ နားဆင်ပါရှင် ကျေးဇူးပြု၍ နားဆင်ပါရှင် ..ကျွန်တော် ကျွန်မတို့ နေထိုင်သော ကမ္ဘာဟာ
 ဘာဖြစ်လာမယ်ဆိုလားပဲ မစ္စတာ ဟော့ကင်းကတော့ ပြောတာပဲရှင့် ဘာတဲ့ ..မေ့သွားတယ် 
 ဟုတ်တယ် ကမ္ဘာကမေ့သွားကြမှာတဲ့  ။
 ၀ူးးးးးးးး ၀ူးးးးးးကားတစ်စီ ဝေါးးးးးးဝေါးးးးး ပျော်လို့ မောင်းတာဗျ ဟဲဟဲ အေးဆေးပဲလေ
 ဖေ့သားကြီး ရုန်းပါအုံးဟ မိုးလေမလာခင် ရွှမ်းးးးးးးးးးးး ရွှမ်းးးးးးး ငတ်မှာဆိုးလို့ ပါဗျာ ။
 ကိုင်းပြောဘူးလား ကမ္ဘာက မေ့သွားပါပြီဆို 
 ဟေတုပစ္စယော အဓိပတိ ပစ္စယော ။ ယဿာနုဘာဝတော ယက္ခာနေ၀ ဒဿန္တိဘိသနံ ။
 မေတ္တာတွေပို့ ကြပါ မေတ္တာတွေပို့ ကြပါ ။
 အို …ယူ မသိပါဘူး ၁၀တန်းတောင်မအောင်ပဲနဲ့ ဘာတွေလာရွတ်နေတာလဲ ဖယ်စမ်းပါ ဖယ် ….။
 ဘာလဲမင်းက နောက်ဆုံးနှစ်ဆိုတာလား ငါမေးမယ် သေမှာပြောတာလား ။
 လူမိုက်တွေနဲ့ စကားပြောရတာ ပိန်းလိုက်တာ ရှင် ..။ ရှင်လိုလူမျိုးတွေရှိနေလို့ ပေါ့ ။
 ဟေ့ဒီမှာ ဒီမှာ ငါက ဂွကျကျ ဘောင်ဘီလည်းဝတ်တယ် ဂွကျကျက စကားလည်းပြောတယ်
 ညီလေး ရဲစခန်းထောက်ခံ စာ ။ ရက်ကွက် ထောက်ခံစာ ။ ပညာအရည်အချင်း ။
 နေရပ်လိပ်စာအပြည့်အစုံ ယူလာခဲ့ ပါ ။ 
 မေးပါအုံးမယ် ဦးလေး အလုပ်လာ လုပ်တာ ဗျ ။နေပါအုံး 
 မသိလို့ လေ သေရင် ဒါတွေယူရလား…..ဟင် ။
 ဟိုက် ..ဒီကောင် ရွာသာကြီးကလွတ်တာ ဖြစ်မယ် ။
 စိတ်ညစ်တယ် စိတ်ညစ်တယ် သည့်ခံပါ သည့်ခံပါ အရာရာဟာ ကိုယ့်ကြောင့် ကိုယ့်ကံပေါ်လာတာကွယ့်
 ကဲ ငိုမနေနဲ့ တော့ အခက်ခဲတွေ ထားလိုက် ။
 ကျွန်တော်ကမှန်တာဗျ ။
 နေအုံး နေပါအုံး လန့် လိုက်တာကွာ မှန်တာက ချက်စားလို့ ရလားညီတော်
 နိုင်တာကရော ဗိုက်ဝလာ့းကွယ် ။
 မင်းမိဘက မင်းကို လိုက်ရှာနေတယ် မင်းအိမ်ပြန်ပါ ရန်ကုန်က ရန်မကုန်သေးဘူး 
 ဦးအောင်ဇေယျ လည်းမရှိတော့ဘူး မင်းပြန်ပါ ။
 အချိန်တွေကို ထိုးခွဲနေတဲ့ ဟိုရောင်တောင်တောင်ကောင်– ချစ်မိုးဦး( Drogba) ကြားလား
 နားတွေဖွင့်ထား ဖွင့်ထား ကလေးတွေ ပြေးနေတယ် ဘ၀အတွက် အသိုက်လေးတစ်ခုအတွက်
 ရရာလက်နတ်ကိုင်စွဲလို့  တိုက်ခိုက်နေတာ မင်းမှာတော့ ……..?
 အံပါရဲ့  အံ့ပါရဲ့ ရှင် …..ပြောတော့ ကဗျာရေးသူတဲ့ ဘယ်မဂ္ဂဇင်းမှာသူ့ ကဗျာမပါဘူး
 ကျူပ်မူးနေတယ် ခံစားမှုတွေ ကြောင့်သောက်တာ
 ဘာဖြစ်လဲ ။ သွားပြီ ကောင်လေးတစ်ယောက်တော့ ပျတ်ဆီးပြီ ကယ်သူဝေးပြီထင်ရဲ့ 
 ကိုနေမျိုးက မန္တလေးကနေ လှမ်းပြောတယ် ။
 ဗျိးးးးးးးးး ကိုချောနွယ် ထအုံးဗျာ ခင်ဗျားကိုတွေ့ ချင်တယ် ကျုပ်ရယ် အန်တီ မိကွန်ထောရယ်ပေါ့ ။
 ဟယ်လို မောင် ….ကြားလား မေ …ဆက်နေတာလေ သွား၇အောင် မစ္စတာဂီတာ ကော့တ်တေး သွားသောက်ရအောင်
 သွားရအောင် ပန်းစွယ်တော် ဒင်မ်ဆမ်သွားစားရအောင် ဘာဂါလည်း စားမယ် လာခဲ့ နော် ဒါပဲ ။
 အော် အမေရယ် သားက ကြက်ဥကြော်လေးပဲ ကျွေးနိုင်တာလေ အမေ့အတွက် စိတ်မကောင်းဘူးဗျာ ။
 ဟုတ်တယ် ကမ္ဘာက ပိပြားနေပြီ အော် ကမ္ဘာက မေ့နေပြီ မေ့နေပြီ ။
 ညစ်ညူးနေတာကို ဒါပဲ ဖြစ်မှာပေါ့ ဘာမှမှ ရေရာတဲ့ အလံတိုင်မှမရှိတာ ခံပေါ့ ။
 ဘယ်သူမှမသနားဘူး ဘယ်သူမှမကူညီဘူး ။
 နေပါကွာ နေ နေ မင်းအသာနေ ။ငါဘာမှမသိပါဘူး အေး ..ငါပြောမယ် ခဏ ခဏ လေးပါ
 မှားရင် အမှန်ဖြစ်မယ် ၊ မှန်ရင် အမှားဖြစ်မယ် ၊ မှားမှား မှန်မှန် ဘယ်ပေတံနဲ့ တိုင်တိုင်ပါ 
 ညီသဘော ညီမသဘော ။ လောကမှာ ဘာမှမသိတော့ရင် အဲဒါသိပြီတဲ့  အိုင်စတိုင်ကပြောတာ
 ငါပြောတာ မဟုတ်ဘူး ငါကသတင်းပြောပြတာ ။
 နေပါဗျာ မနေပါဘူးလို့ ပြောလို့ ရလို့ လား ညီ 
 သေမှာပါပဲ အနိစ္စ အနိစ္စ မင်းမမြဲ ဘူး ငါမမြဲဘူး သေမှာပါပဲ မင်းလည်း မှတ်တိုင်က ငါလည်းမှတ်တိုင်က လေ
 ငါပြောမယ် မင်း ခု ဘာလုပ်နေလဲ ဒါအဓိပ္ပာယ်ရှိလား အဓိပ္ပာယ်ရှိမှ ကောင်းတာလား
 ကိုင်း ကိုကျော်သူ မေးမနေနဲ့ ဒီလူကို ဆွဲတင်ဗျာ 
 အမလေးကယ်ပါ ဟာ ဟ ညီလေး သိလား လူတွေက သေမှာတော့ ကြောက်ကြတယ်ကွ
 မင်းသိရင် တော်ပြီ ။ ပြည့်ဝအောင်လုပ် လေးနက်အောင် လုပ် တန်ဖိုးရှိအောင်လုပ်ပါကွာ
 ရောင်မနေနဲ့  ထောင်မနေနဲ့  ရောင်ရောင်ထောင်ထောင် ရောင်ရောင်ပြောင်ပြောင် တွေက ကွာကျတက်တယ်
 တော်ပြီ ဗျာ နယ်ပြန်တော့မယ် အကို ။
 ဘယ်မိမစုတ်မ သားတွေလဲ ဟင် ရိုင်းရိုင်းစိုင်းစိုင်းတော် အော်ကြီးဟစ်ကျယ်နဲ့ 
 ငါ့သမီး များ တူသလား တန်သလား ။
 အမေ့ တော်ပါတော့ သမီးပြောစရာရှိတယ် သမီးမှာ ခု ……………..ရှိနေပြီ ။
 ဟင် ……………………………………..။
 ကိုင်း ကမ္ဘာက ပိပြားနေပါပြီဆို ပြောဝူးးးးးးးးးးလား ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment