Pages

Subscribe:

Sunday 26 August 2012

ရောက်တက်ရာရာ မြူးဇစ်များ


လူတွေက ခေတ်မှီ ကြတယ်လေ
နောက်ဆုံးပေါ် စင်တာကြီးနဲ့ 
နောက်ဆုံးပေါ် ဟန်းဖုန်းနဲ့ 
နောက်ဆုံးပေါ် စကားတွေပြောပြီး
နောက်ဆုံးပေါ် အစာတွေ စားလို့ 
နောက်ဆုံးပေါ် ကောင်မလေးက နောက်ဆုံးပေါ် ပေါင်လှလှလေးဖော်လို့ ပေါ့

နောက်ဆုံးပေါ် စင်တာကြီးရဲ့ လေအတုတွေကြား
လယ်ထွန်းစားတဲ့ ကျွန်တော်
နောက်ဆုံးပေါ် ငွေတွေရဖို့ 
နောက်ဆုံးပေါ် စေတသိက်နဲ့ 
နောက်ဆုံးပေါ် ကောက်ရိတ်နေနေပါတယ် အဆွေ

နောက်ဆုံးက ကောင်တာမှာ ရယ်ရယ်မောမော
နောက်ဆုံးက အပေါက်သေးသေးလေးမှာ ချွေးတွေ တစ်ဖြန်းဖြန်း
နောက်ဆုံးက နောက်ဆုံးလို့ ရိုက်ပြထားတဲ့ ဗွီဒီယိုပြကွတ်ပါကွယ်( ထွေထွေထူးထူး မဟုတ်ရပါဘူး)
နောက်ဆုံးက နောက်တောက်တောက်ရယ် လုပ်ချက်တွေကလေ

နောက်ဆုံးနာရီပြီးလို့ နောက်ဆုံးလက်တန်ဆုံးတော့
နောက်ဆုံးက နှစ်ရာတန်လေးထုတ်ထားတဲ့ သူတွေရယ်
နောက်ဆုံးက ဘာလို့ နေနေကြတာလဲလို့ စာမေးပွဲဖြေကြပါနော်

နောက် နောက် နောက် ဒီဘ၀ ( ရုတ်တစ်ရက် လင်းလင်းက ထအော်တယ်)
ဆုံးပါးမသွားစေချင်တာအမှန်

နောက်ဆုံး ၀င်လာကြတဲ့ လောကသားတွေရယ် ထွက်ခွါသွားကြတဲ့ လူသားတွေရယ်

…………………………………………..?

ဘာရယ်မဟုတ်ပါဘူး ရောက်တက်ရာရာပါပဲ
ရောက်တဲ့ ဋ္ဌာနက တက်လို့ ရယ်မဟုတ်ပါဘူး
အရာရာ ဟာ အရာအရာလို့ အော် ဟစ်ကြည့်တာပါကွယ်

ဟာ ဟ — မိန်းကလေးရယ် စိတ်မဆိုးပါနဲ့  ခေတ်မှီအောင် ရင်လေးသာ ဟိုက်ထားပါကွယ့်
ဟာဟ — မိန်းကလေးရယ် စိတ်မဆိုးပါနဲ့  ခေတ်မှီအောင် ရေးကြည့်တာပါကွယ့်
မဟုတ်ဘူးလား ဒီလိုလေးက လွှတ်လှ ပေါ့ ဟာ ဟ — မိုက်တယ် မိုက်တယ် ။

လူတစ်ယောက်ကို ထုစစ်တဲ့ ညများရဲ့ ..သူ


ညစ်ညူးသံများ အားစိုက်သံများ
ချွေးပေါက်တွေ ရွာတဲ့ ပွဲ လိုအပ်ရင် အသက်နဲ့ လောင်းရတဲ့ ပွဲပေါ့
ဘယ်သူနိုင်မလဲ …?

နာကျင်ရက်စက်မှုကို ကျေနပ်စွာခံယူ
သတ္တိများစွာရဲ့ သတ္တိနဲ့ တွန်းလှန်သူ
ဘယ်တော့မှအရှုံးမပေးဘူးလို့ ယုံကြည့်သူ

သေမင်းနဲ့ ကြွေအန်ကစားတဲ့ ည
လောင်ကျေးကတော့ … အကြီးစားပဲ
မထင်ရင် မထင်သလို ဖြစ်နိုင်တဲ့ ညပေါ့

သူ အောင်နိုင်ခဲ့ တယ် တဲ့ 
အဲဒီ လက်မှတ်လေး ကို သူ့ ရင်ဘက်ထဲ သူ့  နိဂုံးထိ
ခေါင်းမှာတင်လို့  သူ ရေလောင်းပေါင်းသင်
ရှယ် သန့် စင်အောင် ဇွန်းတပ်လို့ လေ

ဒီလောက ဒီ သံသရာထဲ လမ်းညွန်တွေဆွဲလို့ 
မြေပုံတွေ ပေးလို့ ပေါ့ဗျာ

အပင်လေးက ရင်သန်တော့ .ဘာပြောကောင်းမလဲ
ချစ်သူအတွက် ယာခင်းကို ပစ်လို့ 
ရေတွေကို မေ့လို့  အသံကွဲနေသည်
စိတ်ညစ်နေသည် ခေါင်းစဉ်တွေတပ်လို့ 

ညက ပွဲကို ပြန်နားထောင်ကြည့်
(ညစ်ညူးသံများ အားစိုက်သံများ
နာကျင်ရက်စက်မှုကို ကျေနပ်စွာခံယူ
သတ္တိများစွာရဲ့ သတ္တိနဲ့ တွန်းလှန်သူ
ဘယ်တော့မှအရှုံးမပေးဘူးလို့ ယုံကြည့်သူ
ဘယ်သူနိုင်မလဲ …?)

ကမ္ဘာကိုအလင်းပေးသူက
ပိုစုန်းဖြူ လေးကို ပြန်အရှုံးပေးခဲ့ ရတယ် ။

ပြောချင်တာပြောကြည့်တာပဲ ရေးချင်တာရေးကြည့်တာပဲ

မနေ့ က ငါဘာဖြစ်ပါလိမ့် မစားတော့ဘူး ဟုတ်တယ်
ခက်ပေါ့ပေါ့ ဈေးကြီးကြီး အစားစာတွေ ဟုတ်တယ်
ကိုယ်က ငမွဲ သူဆင်းရဲလေ ဟုတ်ပါတယ်ဗျ ခင်ဗျားလို တွန်းတင်မယ့်လက်တွေ ပျတ်ခဲ့ တဲ့ ကောင်
ဟေ့ ဘာဖြစ်လို့ ဒါတွေပြောနေတာလည်း ကိုယ့်လမ်းကိုသွားပါလား
အမှန်တရား အမှန်တရား အာ လာ လာ အော်မနေနဲ့ အမှန်ဆိုတာ အမှားကမွေးဖွားတာဗျ
ဟဲမင်းဝေက ၃၉ ခါငြင်းပယ်ခံရတယ်တဲ့  နယ်ဆင်မင်ဒဲလားက ထောင်နှစ်၂၀ ကျခံရတယ်တဲ့ ဗျ
အော် မေ့နေတယ် ဟဲ့ ကောင်မလေး နင် …………..လွတ်နေတယ် နင့်ရေကန် က မလုံဘူးဟ
ဟိုက် …မှားလို့ မှားလို့  ဒါက စတိုင် …ဒါ က ခေတ်ပေါ် ဒါ က လူငယ်ဟ ။
ငါမေ့နေတယ် အမှားဟာ အမှန်ဖြစ်တယ် လို့ စောစောကငါပြောခဲ့ တာ ဒါဆို ဒါ အမှန်ကြီးပေါ့
သေပါရော ….ဟယ်လို..ဟယ်လို ညီမလေး ကြားလား ကြားလား ငါရန်ကုန်က ခေါ်နေတာဟ
မလာနဲ့ ရန်ကုန်ကို ၇န်ကုန်က ရန်မလုံဘူး နေလောင်နိုင်တဲ့ ဓာတ်ငွေ့ တွေ ပျယ်ဖို့ အားအကောင်းဆုံးအချိန်
နင်ကြားတာ ဟုတ်တော့ ဟုတ်တယ်ဟ မင်းကိုနိင် မင်းထင်ကိုကိုကြီး ဟုတ်တယ် ပြန်လာတာတော့လေ
သူရဲကောင်းဆိုတာက စာအုပ်ထဲမှာပဲ ကြည့်ပေရော ငါ့နှမ ရော့ ဗိုလ်ချူပ် ပုံ ။
ကျေးပြု၍ နားဆင်ပါရှင် ကျေးဇူးပြု၍ နားဆင်ပါရှင် ..ကျွန်တော် ကျွန်မတို့ နေထိုင်သော ကမ္ဘာဟာ
ဘာဖြစ်လာမယ်ဆိုလားပဲ မစ္စတာ ဟော့ကင်းကတော့ ပြောတာပဲရှင့် ဘာတဲ့ ..မေ့သွားတယ်
ဟုတ်တယ် ကမ္ဘာကမေ့သွားကြမှာတဲ့  ။
ဝူးးးးးးးး ၀ူးးးးးးကားတစ်စီ ဝေါးးးးးးဝေါးးးးး ပျော်လို့ မောင်းတာဗျ ဟဲဟဲ အေးဆေးပဲလေ
ဖေ့သားကြီး ရုန်းပါအုံးဟ မိုးလေမလာခင် ရွှမ်းးးးးးးးးးးး ရွှမ်းးးးးးး ငတ်မှာဆိုးလို့ ပါဗျာ ။
ကိုင်းပြောဘူးလား ကမ္ဘာက မေ့သွားပါပြီဆို
ဟေတုပစ္စယော အဓိပတိ ပစ္စယော ။ ယဿာနုဘာဝတော ယက္ခာနေ၀ ဒဿန္တိဘိသနံ ။
မေတ္တာတွေပို့ ကြပါ မေတ္တာတွေပို့ ကြပါ ။
အို …ယူ မသိပါဘူး ၁၀တန်းတောင်မအောင်ပဲနဲ့ ဘာတွေလာရွတ်နေတာလဲ ဖယ်စမ်းပါ ဖယ် ….။
ဘာလဲမင်းက နောက်ဆုံးနှစ်ဆိုတာလား ငါမေးမယ် သေမှာပြောတာလား ။
လူမိုက်တွေနဲ့ စကားပြောရတာ ပိန်းလိုက်တာ ရှင် ..။ ရှင်လိုလူမျိုးတွေရှိနေလို့ ပေါ့ ။
ဟေ့ဒီမှာ ဒီမှာ ငါက ဂွကျကျ ဘောင်ဘီလည်းဝတ်တယ် ဂွကျကျက စကားလည်းပြောတယ်
ညီလေး ရဲစခန်းထောက်ခံ စာ ။ ရက်ကွက် ထောက်ခံစာ ။ ပညာအရည်အချင်း ။
နေရပ်လိပ်စာအပြည့်အစုံ ယူလာခဲ့ ပါ ။
မေးပါအုံးမယ် ဦးလေး အလုပ်လာ လုပ်တာ ဗျ ။နေပါအုံး
မသိလို့ လေ သေရင် ဒါတွေယူရလား…..ဟင် ။
ဟိုက် ..ဒီကောင် ရွာသာကြီးကလွတ်တာ ဖြစ်မယ် ။
စိတ်ညစ်တယ် စိတ်ညစ်တယ် သည့်ခံပါ သည့်ခံပါ အရာရာဟာ ကိုယ့်ကြောင့် ကိုယ့်ကံပေါ်လာတာကွယ့်
ကဲ ငိုမနေနဲ့ တော့ အခက်ခဲတွေ ထားလိုက် ။
ကျွန်တော်ကမှန်တာဗျ ။
နေအုံး နေပါအုံး လန့် လိုက်တာကွာ မှန်တာက ချက်စားလို့ ရလားညီတော်
နိုင်တာကရော ဗိုက်ဝလာ့းကွယ် ။
မင်းမိဘက မင်းကို လိုက်ရှာနေတယ် မင်းအိမ်ပြန်ပါ ရန်ကုန်က ရန်မကုန်သေးဘူး
ဦးအောင်ဇေယျ လည်းမရှိတော့ဘူး မင်းပြန်ပါ ။
ဝယ်ကြအုံးမလား ဂျာနယ်တွေ ဂျာနယ်တွေ ။
အချိန်တွေကို ထိုးခွဲနေတဲ့ ဟိုရောင်တောင်တောင်ကောင်– ချစ်မိုးဦး( Drogba) ကြားလား
နားတွေဖွင့်ထား ဖွင့်ထား ကလေးတွေ ပြေးနေတယ် ဘ၀အတွက် အသိုက်လေးတစ်ခုအတွက်
ရရာလက်နတ်ကိုင်စွဲလို့  တိုက်ခိုက်နေတာ မင်းမှာတော့ ……..?
အံပါရဲ့  အံ့ပါရဲ့ ရှင် …..ပြောတော့ ကဗျာရေးသူတဲ့ ဘယ်မဂ္ဂဇင်းမှာသူ့ ကဗျာမပါဘူး
ကျူပ်မူးနေတယ် ခံစားမှုတွေ ကြောင့်သောက်တာ
ဘာဖြစ်လဲ ။ သွားပြီ ကောင်လေးတစ်ယောက်တော့ ပျတ်ဆီးပြီ ကယ်သူဝေးပြီထင်ရဲ့ 
ကိုနေမျိုးက မန္တလေးကနေ လှမ်းပြောတယ် ။
ဗျိးးးးးးးးး ကိုချောနွယ် ထအုံးဗျာ ခင်ဗျားကိုတွေ့ ချင်တယ် ကျုပ်ရယ် အန်တီ မိကွန်ထောရယ်ပေါ့ ။
ဟယ်လို မောင် ….ကြားလား မေ …ဆက်နေတာလေ သွား၇အောင် မစ္စတာဂီတာ ကော့တ်တေး သွားသောက်ရအောင်
သွားရအောင် ပန်းစွယ်တော် ဒင်မ်ဆမ်သွားစားရအောင် ဘာဂါလည်း စားမယ် လာခဲ့ နော် ဒါပဲ ။
အော် အမေရယ် သားက ကြက်ဥကြော်လေးပဲ ကျွေးနိုင်တာလေ အမေ့အတွက် စိတ်မကောင်းဘူးဗျာ ။
ဟုတ်တယ် ကမ္ဘာက ပိပြားနေပြီ အော် ကမ္ဘာက မေ့နေပြီ မေ့နေပြီ ။
ညစ်ညူးနေတာကို ဒါပဲ ဖြစ်မှာပေါ့ ဘာမှမှ ရေရာတဲ့ အလံတိုင်မှမရှိတာ ခံပေါ့ ။
ဘယ်သူမှမသနားဘူး ဘယ်သူမှမကူညီဘူး ။
နေပါကွာ နေ နေ မင်းအသာနေ ။ငါဘာမှမသိပါဘူး အေး ..ငါပြောမယ် ခဏ ခဏ လေးပါ
မှားရင် အမှန်ဖြစ်မယ် ၊ မှန်ရင် အမှားဖြစ်မယ် ၊ မှားမှား မှန်မှန် ဘယ်ပေတံနဲ့ တိုင်တိုင်ပါ
ညီသဘော ညီမသဘော ။ လောကမှာ ဘာမှမသိတော့ရင် အဲဒါသိပြီတဲ့  အိုင်စတိုင်ကပြောတာ
ငါပြောတာ မဟုတ်ဘူး ငါကသတင်းပြောပြတာ ။
နေပါဗျာ မနေပါဘူးလို့ ပြောလို့ ရလို့ လား ညီ
သေမှာပါပဲ အနိစ္စ အနိစ္စ မင်းမမြဲ ဘူး ငါမမြဲဘူး သေမှာပါပဲ မင်းလည်း မှတ်တိုင်က ငါလည်းမှတ်တိုင်က လေ
ငါပြောမယ် မင်း ခု ဘာလုပ်နေလဲ ဒါအဓိပ္ပာယ်ရှိလား အဓိပ္ပာယ်ရှိမှ ကောင်းတာလား
ကိုင်း ကိုကျော်သူ မေးမနေနဲ့ ဒီလူကို ဆွဲတင်ဗျာ
အမလေးကယ်ပါ ဟာ ဟ ညီလေး သိလား လူတွေက သေမှာတော့ ကြောက်ကြတယ်ကွ
မင်းသိရင် တော်ပြီ ။ ပြည့်ဝအောင်လုပ် လေးနက်အောင် လုပ် တန်ဖိုးရှိအောင်လုပ်ပါကွာ
ရောင်မနေနဲ့  ထောင်မနေနဲ့  ရောင်ရောင်ထောင်ထောင် ရောင်ရောင်ပြောင်ပြောင် တွေက ကွာကျတက်တယ်
တော်ပြီ ဗျာ နယ်ပြန်တော့မယ် အကို ။
ဘယ်မိမစုတ်မ သားတွေလဲ ဟင် ရိုင်းရိုင်းစိုင်းစိုင်းတော် အော်ကြီးဟစ်ကျယ်နဲ့ 
ငါ့သမီး များ တူသလား တန်သလား ။
အမေ့ တော်ပါတော့ သမီးပြောစရာရှိတယ် သမီးမှာ ခု ……………..ရှိနေပြီ ။
ဟင် ……………………………………..။
ကိုင်း ကမ္ဘာက ပိပြားနေပါပြီဆို ပြောဝူးးးးးးးးးးလား ။

ပျံသန်းနေသောအလင်းတွေကို ပရင့်ထုတ်သည်


ညက ညကို ခြောက်လှန့် တဲ့ လမ်းတွေပေါ် အစာမရတဲ့ နုတ်ခမ်းတွေလို့ 
ကိုယ်ပိုင်….ကုတ်အင်္ကျီတစ်ထည်လောက်တော့ လိုချင်တယ်
စိန်ခေါ်တက်တဲ့ …….လောကအတွက်ပါ

ဘယ်တုန်းကတော့မသိဘူး လက်ဝါးတွေ ဆီးနှင်းရိုက်တော့
လှလှပပ ပတ်တီးလေး ရှိခဲ့ ဘူးတယ် ထင်ရဲ့ 
ဒါပေမဲ့ လေလိုပါပဲ

လီနင်၊ ဟိုချီမင်၊ မော်စီတုန်း သူတို့ သေတော့ ပြတိုက်မှာထားတယ် တဲ့ 
ငါသေတော့ ငါ့ကိုယ် လေ သိလား ၊ထုံးဖြူလေးတွေသုတ်စေချင်တယ်
ကြီးကျယ်တာတော့မဟုတ်ပါဘူးလေ ခေါင်တိုင်းပေါ်ကအမည်းရောင် လေး
တစ်ချက်ပြန်ငေးချင်လို့ 

ကလေးတစ်ယောက် အငိုမဆဲ ပဲ ရွာနေသလို
မိန်းမတစ်ယောက် ကန္တရ သဲပြင်ရောက်နေသလို
ဘ၀ စာမျက်နှာက မာတိကာမပါတော့
အစီစဉ်ကျပါ့မလားတော့မသိဘူး
သေချာတာက ငါ ကုတ်အကျီစစ်စစ်
ပတ်တီးလှလှ ထုံးဖြူဖြူ ဒါလေးကိုပဲ ပန်းတွေပွင့်စေချင်တာလေ ။

ပိုက်ဆံ စစ်နေသည်

၁။ အက္ခရာပါကြာပွင့် ။
၂။ ပျံသန်းခဲ့ ပြီ ကိုယ်ပိုင်နာရီမသုံးတော့ပါ ။
၃။ နေတွေတစ်စီးပြီး တစ်စီး သွားလိုက်လာလိုက်ပေါ့ကွယ် ။
၎။ ဆိုကြပါတော့ ကြာဖြူတစ်ပွင့်စ နှစ်ပွင့်စ ခါးကြာထဲ စိုက်ထဲ့ ရင်းလေ ။
၅။တဒင်္ဂနုတ်ခမ်းမွှေးကို အနံ့ တွေအပြည့် ဆွဲသုတ်ခဲ့ တယ်အပြုံးတွေ အပြုံးတွေပေါ့ ။
၆။ ရုံတင်လိုက်တော့ ပျော်ပျော်ပါးပါးနဲ့ ပြုံးပြုံးလေးက ၊ ပျော်...ပျော်ပြီး ပြုန်းပြုန်းလာရဲ့ ။
၇။ သစ်သားတစ်ချောင်းရသလောက်ရေဘော်ထိုးသလို
စက္ကူစာရွက်လေး မိုးမိသလို ရုပ်နာမ်ဟာ ကိုရီးယားစကက်ဖြစ်ခဲ့  ။
၈။ အက္ခရာလှလှ ကြာဖြူလေးဘ၀မှ
အက္ခရာလှလှ ခြင်္သေ့လေးတွေ မီနူးဖိုင်ချတဲ့ ညပေါ့ ။

Sunday 1 January 2012

ပါးစပ်ထဲက.ဘာသာ

(အတိက်)

...(က)

အမှတ်တမဲ့ မှ...အမှတ်တရ

အမှတ်တရမှ..အမှတ်တမဲ့ 

အဖြစ်အပျတ်များစွာမှ..အဖြစ်ပျတ်များ

ဘာဆို..ဘာမှ...ဘာမှကိုမရှိချင်တာအမှန်.ဒါပေမဲ့ 

မတူးဆွပါပဲ..အလိုလိုပေါ်ထွက်လာတက်တဲ့ အခါ

ငိုက်မြည်းချိန်တောင်......ငြိမ်းချမ်းရေးမရ

(ခ)

ခုလောက်ဆို...သူ

ဟိုမှာ..ဆံစတွေ...ကာလာပြောင်းလို့ 

အင်္ကျီတွေပါးပါးလာတယ်တဲ့ 

မြန်မာထဘီတွေ..ကျွတ်ကျလို့ 

ပါးက..သနပ်ခါးတွေလဲ..ကျပျောက်ခဲ့ 

(ဂ)

ဒီမှာ..ချစ်သူ

ဒို့ နိုင်ငံမှာ.ယဉ်ကျေးမှုဘာသာတွေပို့ ချတုန်းပဲ

ဒို့ နိုင်ငံမှာ..သင်္ကြန်မိုးသီချင်းနားထောင်နေတုန်းပဲ

(ဃ)

အမှန်က..သုဇနာလို

အမှန်က..မာသာထရီဇာလို

အဲဒီလို...အဲဒီလိုတွေ.ဖြစ်ရမှာမဟုတ်လား

အေးလေ

နင်ကိုယ်တိုင်ခုန်ဆင်းမှတော့

ကယ်တင်သူ...ဝေးပေါ့

.............................

(အနာဂါတ်)

........................

(၁)

ဘယ်သူဖြစ်ဖြစ်ပါ..အားလုံးအားလုံးပေါ့

ပိုပြီလဲ..မှန်နေမှာမဟုတ်သလို့ 

ပိုပြီးလဲ..မှားနေမှာမဟုတ်ပါဘူး

သံသရာက..လွတ်ချင်ရင်.

တဏှာက..ထွက်ယုံပဲ

(၂)

လင်္ကျာဝင်း...ပြောသလို

(သြော်...ဒါက

ချေချော်လက်ချော်ပါ

အဲ..ဒါပေမဲ့ 

ကမ္ဘာပေါ်က

....................

(ပစ္စုပ္ပန်)

.......................

........................

.......................... ။

မြေပေါ်က..ကောင်ကင်

ကွန်ကျနေတဲ့ ...ဦးနှောက်ကို
နည်းစနစ်တွေပြောင်းပြီး
ဒီဇိုင်းအသစ်တွေ......ဆွဲရဦးမယ်
ဝံပုလွေ..လို.......သားကောင်တွေနား
အနံ့ အသက်လဲရူရဦးမယ်
အကိုင်းအရွက်တွေမဲ့ နေတဲ့ ..ဒီသစ်ပင်မှာ
အပွင့်အခက်အလက်အားလုံးစုံလင့် ဖို့ 
ရည်ရွယ်ခဲ့ သူပါ
မထင်မှတ်ပါပဲ...ကျရှူံးခဲ့ 
ကျွန်တော်အထင်ပေါ့
အားလုံးဘွဲ့ လက်တွေမရှိနိုင်ဘူး
အဓိက..ကအမြင့်ကိုမှန်းပြီး
အနိမ့်မှာနေဖို့ မဟုတ်လား..?။

ဒီဂရီ..

အစစအရာရာ...လမ်းမမှားရအောင်

သတိတွေ...လက်မှာအမြဲဝတ်လို့ 

ယနေ့ ..နေပူမလား..မိုးရွာမလား..?

သွား..နားထား..

ဒီမယ်...ခြ.စားနေတဲ့ ဘ၀တွေမှာ

နားနား..နေနေဆိုတာ..အလကားပါဗျာ

သွားသွားလာလာ..စားစားပြန်ပြန်နဲ့ 

ဘ၀မူလီတွေပြုန်းအောင်.အထိ.

ရုန်းကန်နေရတာ

ဒီနေ့ ..ဒီဂရီ..

မနက်ဖြန်..ဒီဂရီ..သူ

ရင်မောစွာပဲ...ခရီးဆက်နေပါတယ်...။

ထိတွေ့ နေရသူ

ဘ၀က..ကတ္တရာလမ်း
ကျွန်တော်လမ်းပါ
အချစ်က.ကတ္တရာလမ်းပေါ်က.ကား
သူမ..လမ်းပါ
လမ်းကသာယာချင်တယ်
မပြောင်းလဲချင်ဘူး
ကားက..အတင်ပြေးထွက်နေတယ်
မရပ်နားသေးဘူး
မီးပွိုင့်အနီးပြလိုက်တယ်
ကျွန်တော်.အနမ်းမပေးလိုက်ရပါ
သို့ သော်...........................။

ပြန်ဆိုမိတဲ့ သီးချင်း

.............၁
ဝေဆာမှုရှိသောနေရက်တွေကြား
ချာတိတ်ကလေးတစ်ယောက်ရဲ့ 
အပူမရှိတဲ့ အသိနဲ့ တိုးတိုးဆိုးငြီးကြ

..............၂
ခြောက်သွေ့ တဲ့ ရာသီကို
ရေလောင်ပေါင်းသင်ပေးကြ
အအေးဓာတ်ကို.ရင်ငွေ့ ပေးကြ
တို့ နှစ်ယောက်ကမ္ဘာရဲ့ ဂီတဟာအရာရာလှပလို့ ပေါ့

..............၃
အဲဒီတုန်းက..ကန်ရေပြင်ကလှိုင်းလေးတွေ
အပြေးပြိုင်တာ..နှစ်ယောက်ထိုင်ကြည့်ရင်ပီတိဆုတွေပေးလို့ 
အဲဒီတုန်းက...ရေခဲမုန်လဲ..အေးမြစေတယ်
နီးနီးကပ်ကပ်..အတွဲတွေတောင်အားကြစေတယ်

..................၎
လေပြေညိမ်သက်လို့ အဆိပ်ခွက်ရထားဆိုက်ကပ်လာပြီး
မီးကိုဝါးမြိုထားတဲ့ အက်စစ်တစ်ခွက်ဟာ
နှစ်ယောက်ကြားက.မာနကိုအရောင်တင်လိုက်ကြတဲ့.......့အချိန်မှာတော့
ငြီးဆိုသွားတဲ့ သီးချင်းက.(.နောက်ထက်တွေ့ စရာမရှိတဲ့ )

....................၅
ကန်ရေပြင်လဲ..နွံထနေပြီ..ရေခဲမုန်လဲအရသာမရှိပြီ
ပတ်ဝန်ကျင်လဲ..အမှိုတ်ပွနေပြီ..မာန
ဓားဒဏ်ရာတွေလဲသွေးကြနေပြီ

................၆
ကျောပေးလမ်းမဟာနှလုံးသားဆုံမှတ်နဲ့ ဝေးကွာသွားခဲ့ ပါပြီလေ
ခု.တော့
မင်းနုတ်ခမ်းက..အသစ်သစ်ပင်ကိုရူရှိုက်နေပြီ
စာမျက်နှာအသစ်ကိုရေးခြစ်နေပြီ
ငါ့အချစ်တွေကိုလဲလက်ထိုးအန်ခဲ့ ပြီ
တစ်ချက်မင်းမမြင်တာက
ငါ့ရင်ငွေ့ ဟာပူနွေးတုန်းပဲ
ဆိုတာပါ ။

ဒီဇင်ဘာ

ရေခဲ သေတ္တာ လ
သူနဲ့ မကွာချင်တဲ့  လ
လက်တွေ ကခုန် လို့ 
မေးရိုးတွေ အပေါ်အောက်ရန်ဖြစ်တဲ့  လ
ပါးစပ်ထဲက နဂါးငွေ့ လည်း ထွက်ရဲ့ 
လယ်ယာထဲက မြတ်တွေ လည်း ရေချိုးရဲ့ 
ဘိုးဘိုးတွေလည်း လက်ဆောင်လုပ်ရဲ့ 
သစ်ပင်တွေလည်း နေရာစုံရောက်ရဲ့ 
အဲဒီ လ အဲဒီ ရာသီ ခု မှည့် ဝင်းနေပေါ့ ။

ဝန်းကျင်

လူ အကြောင်းတွေ
ကွန်ရက်တွေ
ပြီးပြီးသားပြက္ခဒိန်တွေ
သွေးတွေထွက်နေတယ်
နောက်က
သံဝေဂလိုက်လာတယ် ။

ကွယ်ခြင်း

ငါတို့ ရဲ့ ဘ၀က.တိမ်အိမ်လေးပေါ့သူငယ်ချင်း

မလုံခြုံတဲ့ အကာတစ်ခုရဲ့ အောက်မှာ

ရင့်သန်ရင်း..မင်းနဲ့ ငါ..ပွင့်လန်းခဲ့ ကြ

ရန်ကုန်မြို့ ရဲ့ ..အထု..အထောင်..တွေ

တူတူခုခံရင်း..ငါ့တို့ ရုန်းကန်ခဲ့ ကြ

ဘ၀ကိုတူတူသောက်လို့ တူတူမူးခဲ့ ကြရင်းပေါ့

ဒီနေ့ သူငယ်ချင်းမိုးတွေမရွာဘူး

ငါ့မျက်နှာမှာ..လှေတွေမှောက်တယ်

နာရီတွေ...ဟာ...အကုန်မြန်အချိန်တန်တော့

မင်းငါ့ကိုယ်ခွဲခွါသွားခဲ့ ပြီ..မင်းမီခိုးတွေငါမကြည့်ပါရစေနဲ့ လို့ 

ဂါထာရွတ်..မာန်တန်တွေပွား.ဒါပေမယ့်အလကားပဲသူငယ်ချင်း

မင်းအသက်ကို.ငါ့မ၀ယ်နိုင်ခဲ့ ဘူး..။

ကျွန်တော်တို့ ရပ်ကွက်က.အိမ်ကလေး

ဟိုနားတစ်ဝိုက်ကငိုသံက

ဘောင်ဘီမပါတဲ့ ချာတိတ်တစ်ယောက်ပေါ့

မီးခိုးတိတ်နေတဲ့ ဒီအိမ်လေးမှာ

အမေလုပ်သူက.ထိုင်မှိုင်လက်ပန်းကျ

အဖေလုပ်သူက..အိပ်ယာထဲက.ချောင်းတွေကျ

သမီးအကြီးလည်းနောက်ဘေးမှာ..ချောင်းတွေကျ

ချာတိတ်က..ဟို..သူ့ အဖော်

ငွေစ ကလေးလို..ဖိနပ်ဝယ်ခိုင်း

ဒီအသိုင်းအ၀ိုင်းကယ်တင်သူဝေးပြီထင်ရဲ့ 

သမီးအကြီးက(၁၅)နှစ်.ခုချိန်ထိ..ကျောင်းမတက်ရသေးဘူး

ချာတိတ်လေးက..(၇နှစ်)

သူလူမဖြစ်သေးဘူး

သေချာတယ်….ဒီကလေးအတော်မောမယ်

ဒါ…ကျွန်တေိာတို့ ရပ်ကွက်က.အိမ်ထောင်စုအသစ်ပေါ့….။

ခင်ဗျားရော..ကျွန်တော်ရော..0 လို့ မြင်၏

တကယ်တော့ခင်ဗျားရယ်

ကျွန်တော်ရယ်.....အရေပြားကြည့်သက်သက်ပါ

အ၀တ်ဗလာ..အသိနတ္ထိ

ရော့ဒီမှာကြည့်ပါ

ဘာမှမရှိ

ဘာမှမရှိဘူး


လူ

ဥစ္စာ.

ရုပ်ရည်

ဗုံဆံပေါ်က

သကာရည်တွေပါဗျာ

ဟုတ်တယ်ဟုတ်

ကဲ မနက်ဖြန်..

ခေါင်းထဲအင်ဂျင်.နိုးထလို့ 

မီးပေးလိုက်ပါ.

ခင်ဗျား...ကိုယ့် ကိုကိုယ်

နာဇီတပ်သားလား

မာသာ.ထရီဇာမြို့ သားလား

မဟတ္တမဂန္ဒီ.ရွာကလား

ဒေသတစ်ခုတော့ခင်ဗျားရော

ကျွန်တော်ပါနေထိုင်တယ်


ဟို......လွန်းခဲ့ သော..ရှေ့ က

အတုထင်ရှား.သိဒ္ဓတ္ထအရှင်မင်းသား

အနတ္တရုပ်ရှင်ကား.ထပ်ခါခါရှူ့ စေသား

အို..လူသား....။

သတင်းအတွဲ(၂)စကားပြောစက်

ခင်ဗျား ကန့် ကွက်နိုင်ပါသည်
ခင်ဗျား ခံစားမှု ကို နေတိုးတပ်ဖွဲ့ အားဒေါ်လာပေးငှားရန်းရန် မလိုတော့ပါ
ခင်ဗျား အမွေပြတ်စွန့် လွှတ်ဖို့ ပါမလိုတော့ပါ
ခင်ဗျား ရဲ့ သွေးကျဲကျဲ စာလုံးသေးသေး ချစ်ခြင်းများအားခိုးထည့်ထားဖို့ မလိုတော့ပါ
ခင်ဗျား.လွတ်လပ်စွာ ဒီမိုကရေစီ စိုက်ထူးနိုင်ကြောင်းကိုပါ အက်ကိုး တပ်ဟစ်ကြွေးပါမယ်
ခင်ဗျား ရွာရန်မသေချာတဲ့ စံတော်ချိန်ကြားမှာ လှိုင်းမထနိုင်တာ ဓာတ်ငွေ့ ပျယ်တာတော့မဟုတ်ရပါ
ခင်ဗျား ရေးတဲ့ ဒိုင်ယာရီတိုင်း ပန်းတွေပွင့်တာ ကျွန်တော့်အတွက်မှ မဟုတ်တာကိုဗျ
ခင်ဗျား ခိုစားကျွေးခြင်းအား စောင့်မျှော်မနားခိုတော့ပါ
ခင်ဗျား ထင်နိုင်တဲ့ အတွေးကို ပြန်ရစ်ကြည့်တိုင်း နျူကလီယားဗုံးကို အစိပ်လိုက် မြိုချခြင်းနဲ့ အလင်းရှိရာမျက်ကန်းတစ်ယောက်ပါ
ခင်ဗျား အသက် ဆံသဆိုင်သွားရမှာ ဒီလို အနိစ္စကျကျ စဉ်စားကြည့်တော့ စက္ကုလို ဖြစ်တယ်
ခင်ဗျား ဒီနှစ် ဗေဒင်ဟောစာတမ်းအရ အိမ်ထောင်ဈေးကွက်တွင် ပျော်ပါးခွင့်ကို မစစ်ဆေးတော့ပါ
ခင်ဗျား ကို လွမ်းဆွေးခြင်း တစ်ပါတ်ပြည့် အား တရုတ်ရိုးရာနည်းအတိုင်းသာကုန်ဆုံးစေမယ်
ခင်ဗျား ရုပ်ရှင်ကို နောက်ထပ် မကြည့်တော့ပါ ၍ နောက်လှည့် အတင်းပြောခြင်းအားတားမြစ်ပါ၏ ။

ကဗျာ သဲပုံ



ကဗျာတွေပုံထားပါတယ်
အစုံပါပဲ..ဒါဒါဝါဒ
အစုံပါပဲ.နိမိတ်ပုံဝါဒ
အစုံပါပဲ အနာဂါတ်ဝါဒ
အစုံပါပဲ သင်္ကေတ၀ါဒ
အစုံပါပဲ အင်ပရက်ရှင်နစ်ဇင်
ကျူးဘစ်ဇင်း.အစုံပဲပေါ့ဗျာ
အိတ်စ်ပရက်ရှင်းနစ်ဇင်း
ဆာရီရယ်လစ်ဇင်း
အစုံပါလို့ တကယ်မှတကယ့်အစုံ
ရေ စတင်လောင်းတဲ့ နိုင်ငံများ
ပြစ်သစ်.ဂျာမဏီ အီတလီ.အင်္ဂလန်
ဒါပေသိ
ပါရီမြို့ သားက.တပ်ကြီးတယ်


ဂလိုဘယ်.လေတွေတိုက်လာပြီ
အိုင်တီ.လေတွေတိုက်လာပြီ
ဟင်လင်ပြင်ကြီးမှာပေါ့
ဇုံတွေလည်းစိတ်တိုတယ်


ရိုဘော့တွေ.နိုးထလာပြီ
ဂိုးလိုင်းနည်ပညာတွေအသုံးပြုကြဖို့ 
တောင်းဆိုလာကြပြီ


ကဗျာတွေပုံထားလျှက်ပါ.
သိတဲ့ အတိုင်း...
L.P မှ..လေကြောင်းလိုင်း
စတင်ပြေးဖို့ အားယူနေတယ်
အားယူနေကြတယ်..။

ငါ့ရဲ့ ထွန်ကြောင်းနဲ့ စိန်ခေါ်ပွဲ

ငါက.အမှောင်ညမှာ.မီးမရှိပဲ

မောင်းရတဲ့ ကား

ငါက..ကျရာဇာတ်ရုပ်ကိုဖြစ်သလိုချက်ပြုတ်ပြီး

ကန်သွင်းနေရတဲ့ တိုက်စစ်

ခြေမတွေ.ရထားလမ်းဖြစ်လို့ 

လက်မတွေကြား.၀ဲဖြတ်မောင်းတာတောင်

ကမ်းနဲ့ ဝေးပြီးမိုးကမလုံသေးဘူး

အမှား.အမှန်နဲ့ ရောသုပ်ပြီး

လိမ်ကျစ်ထားတဲ့ .ဟေ့..လောက

ဒီမှာ

ငါ..ခေါင်းတိုက်ပြီး.မော့သောက်ပြအုံးမယ်

ငါက…ခွေးအ..တစ်ကောင်လို.လျှာ.တစ်လစ်နဲ့ 

ငါ့..ဘီးနှစ်ဖက်ကို.သံပါက်ပေးပြီး.ဘ၀ကို

ရေးခြစ်နေရတဲ့ ..ငှတ်

ငါက..ငါ့ခန္ဓာကို.နှာဖားကြိုးတပ်လို့ 

ထွန်ယတ်နေရပြီး

မြူးဇစ်.မလှသေးတဲ့ ..ခရု

ဆံပင်တွေ..ဓာတ်ကြိုးဖြစ်

မျက်လုံးတွေ.အ၀ိစီရောက်တာတောင်

ဘူတာ.နဲ့ ဝေးပြီး..ခရီးကရှည်တုန်း

အနု.အကြမ်း.ကစားကွတ်နဲ့ 

ယိမ်းနွဲ့ နေတဲ့ …ဟေ့…လောက

ဒီမှာ

ငါ.ဧည့်ခံပြီး.သီချင်းဆိုလို့ 

ခုတ်ထစ်ပြအုံးမယ်

ငါ.ခြင်္သေ့လို

ငါ.ဧရာဝတီလို

ငါ.ဒုံပျံလို

ငါ..စပိတ်တစ်ဖဲ.လို

ဒီပွဲ.ဖလားရအောင်

ငါ..ဒေါင်းပြမယ်…အို..လောက…။

လေဟာနယ်က..ခံစားမှု

နှင်းဆီရေ..ရော့ပါငါ့ပန်းသီး
အကျတော့နာနေတယ်
အရသာကချိုပြီး အနံ့ ဆိုးမယ်
မင်းနှစ်သက်ရင်.ဈေးတင်လို့ တော့ ရတာပေါ့လေ
ငါ့မှာ ပါးလွှာတဲ့ ပစ္စုပ္ပန်
ကျည်ကုန်နေတဲ့ အနာဂါတ်
မင်းပစ်တက်မှ..ဒီစစ်တပ်ကိုဝင်ခဲ့  ။

ပုံထားသော ကလီစာ များ


အနမ်း ကျခွင့်မရှိ.လူသား


နှင်းဆီးခင်းက မာမီရုပ်အလောင်းလို
ဟစ်တလာအလာပုန်းရှောင်နေသော
ဂျူး.ပေါက်စလေး

ပဋိသန္ဓေ.မောင်းလာပုံကအစ
ခုထိ ရင်ထဲမှာ.တံမျက်စည်းအပြည့် 


ပုပ်ပွနေတဲ့ အတိက်ကသစ်သီးများ
ရေစက်ချ လှူပစ်ဖို့ ဘုရားကုန်မြေကိုတက်မိနေပြီ


အမေ့ ကို တေးဆိုမပြ၀ံ့ သော အဝေးရောက်
လှေငယ် ဒီဝဲဂယက်မှာ ကိုယ့်ကိုကိုယ်သာ
ကွပ်မျက်စေလိုက်၏ ။

မူးနေသော အနာဂါတ်

အာခေါင်ကို တုတ်ထောက်ထားတဲ့ ထဲလည်းပါတယ်

နှုတ်ခမ်းတွေ ဇစ်ဖြုတ်ထားတဲ့ ထဲလည်းပါတယ်

အဲဒါတွေက တစ်ခေတ်တခါ.ခြေစမ်းပွဲတွေပါ

ထား

ခုတစ်လော.အင်ဂျင်ကျပုံများ

အရွယ်ရောက်..မိန်းမပျိုရဲ့ ဝက်ခြံပေါက်ပုံမျိုး

အလင်းမကွဲပဲ ပျံသန်းတဲ့ ပိုးစုံးကောင်

ဒီအမှုတွဲ ရုံးတင်စေလိုက်တယ်
ရှေ့ မှာ.နှင်းတွေ.မည်းလို့  ..။

မိုးမိသူများရဲ့ မှတ်တမ်း

ကျွန်တော်တို့ ရပ်ကွက်က ရှိုးပွဲ
( ဘာ ..ဒီကလေးတွေ စားစရာမရှိပါဘူးဆိုမှ
ဟိုဟာဝယ် ဒီဟာဝယ်နဲ့ 
ထုတယ်ကွာ အသုံးမကျတဲ့ အမျိုးတွေ
ဟေ့ ..ဒီတစ်ပါက်မပေးရင် အိမ်ပေါ်ကဆင်းဟေ့ )
ဒါ ကျွန်တော်တို့ ရပ်ကွက်က တီးခက်ပုံသံစုံပေါ့
နိုးစက်မလို ဘူး မထချင်လည်း ထ မသွားချင်လည်း သွား
အပြေးအလွှား အလုအယက် အပြိုင်အဆိုင် ဈေးဗန်းတွေချခင်းလို့ 
ခြင်္သေ့ လာအောင် ရင်ထဲက မီးစကိုဖုံး မျက်နှာတွေပြုံးလို့ 
L ဆိုင်းဆီ လို လည်း ရ စန္ဒီမြင့်လွင်လို လည်း ရ
ပါသမျှအမယ်အကုန်လိုက်ရွတ်ရတယ်
သူတို့ အလင်းပေါက်က မျက်ရည်စကိုတော့ အိမ်ဝမှ ကျတာ
အဲလို ရထားလမ်းလို အဲလို မူလီပြုန်းတဲ့ ဘဝ
လောဘလည်းဖြစ် ဒေါသလည်းဖြစ် မောဟလည်းဖြစ်
ကျွန်လည်းဖြစ် ရေလည်းနစ်ပေါ့
ဒါပေသိ တစ်ကိုယ်လုံး ဆီမ၀င်းတောင်မှ
မာန လေးတော့ လင်းကြတာထုံးစံပဲ
ဒီလို ခံစားမှုကို လက်တစ်ဖက်မှာ ဆေးအပ်ထိုးပြီး
ရင်ဘက်တစ်ခြမ်းနဲ့ တိုက်စစ်ကြည့်တာ
ကဗျာတော့မဟုတ်ဘူး ကဗျာဖြစ်တယ်
သူတို့ က သူတို့  တီတီတာတာလေးတွေ
ပညာတက်ဖြစ်ဖို့  ပညာရှိဖြစ်ဖို့ 
လက်မထိပ် အပ်စိုက်ပြီး သူရဲကောင်းဖြစ်ဖို့ 
မျှော်လင့်ချက်နဲ့ အသက်ဆက်နေရတာ
အဲဒါနဲ့ ကိုယ့်ကိုကိုယ် စတေး
အဲဒါနဲ့ ကိုယ့်ကိုကိုယ် အဆုံးသက်
အဲဒါနဲ့ ကိုယ့်ကိုကိုယ် ပုံအပ်ထားကြ
အဲဒါနဲ့ ကိုယ့်ကိုကိုယ် မိုးမိခံကြတယ်တဲ့ .။


မှန်

နေ့ စဉ် နိစ္စဓူဝ
တစ်နေ့ လာ ဒီပုံစံ
တစ်နေ့ လာ ဒီစတိုင်
တစ်နေ့ လာ ဒီစကား
တစ်နေ့ လာ ဒီအချိုး
အိပ်ယာဝင်အိပ်ယာထ အလုပ်ဝင်အလုပ်ဆင်း
ဒါ လူ ဒါ လူ ဒါ လူပါပဲလေ
နိစ္စဓူဝဖြတ်သန်းမှုကို စုပေါင်းထုပ်ကြည့်တော့
အဲဒီမှာ ကုသိုလ် အကုသိုလ် ခွဲခြားကြည့်
ကိုယ့်ကိုကိုယ်မြင်ရတယ်
ဘ၀ကတို့ လှေလေးက ဒီကြေးပြားတွေနဲ့ 
တစ်ခြားနေရာကိုပို့ သမှာပေါ့
လာပြန်ပြီ ဒီပုံစံ ဒီစကား ဒီအချိုး
ခု..ခုလေ ငါ့တို့ အထုပ်ပိုးမှာ ဘာတွေစားနေလဲ ?..။

ဖောက်ထွက်မှန်ပြောင်း

ဝင်ကြည့် ၀င်ကြည့်
အတွင်းသား သိုးနေသလား.?
မှည်ရည် ဖျော် ရေးချလိုက်
သူ .လေခွ ပစ်တက်၏
ဝင်ကြည့် ဝင်ကြည့်
သူ့ လက်မောင်းကိုမောင်းချဓားနဲ့ တစ်ချက်လောက်
အနီရောင်တွေ ဘယ်လိုထွက်လာလဲ.?
ဦးနှောက်ဖွင့် ကျောက်စာတင်လိုက်
သူ ………….၏
ဝင်ကြည့် ၀င်ကြည့်
နောက်က အမည်း
ရှေ့ ကအဖြူ
သူ့ ခန္ဓာ ရေမွှေးဖြန်းထား၏
(သတိ )ခင်ဗျား လှေကထစ် မိုးလေ၀သ
တိုက်ခက်နိုင်သည် ။

မနက်ဖြန်

အနက်နဲဆုံး နွံ တစ်ခု
ဘယ်အမှုတွဲ နဲ့ ဆွဲထားရက်တာလဲ
ပင့်သက်ချမိတဲ့ သက်ပြင်းနှစ်ချက်
အဆိပ်ခွက်ထက် ဆိုးတဲ့ အနံ့ နဲ့ အရသာ
ခန္ဓာထိရောက်အောင် တွန်းကန်ချလိုက်တယ်
မရှု့ မလှ တိုက်ပွဲကျနေတဲ့ စစ်သားလို
စိုးရိမ်ရေမှတ်အပြည့်နဲ့  စိတ်တွေ လမ်းရှောက်နေတယ်
အရေးပြား ရားရန်နေကတဲက သွေးတစ်စက်လောက်
ဖောက်ထုတ်ပစ်ဖို့ ကောင်းခဲ့ တာ
ခုတော့ဘယ်နှစ်ကြိုးတပ် ရုပ်သေးလည်းမသိတော့ပါဘူး
ကျောပေးလို့ ရပ်နေခဲ့ ရပေါ့
ဘာနဲ့ များ အရော်အစားလုပ်အုံးမလဲ
ငါ ရပ်တည်ဆဲပေါ့ ဂုဏ်ပုဒ် လည်မျိုကပွင့်ထွက်သွားခဲ့ 
သဂြိုဟ် လိုက်ပါရစေ မာယာ ဒါပေမဲ့ နင်ပါမသွားတာ
ငါသိတယ် မနက်ဖြန် ..မနက်ဖြန် .မနက်ဖြန် ။

အလုပ်လျှောက်လွှာ

ခေါင်းစဉ်မရှိတဲ့ စာတန်းအောက် နေထိုင်ခြင်းနဲ့ 
နိမိတ်ပုံတွေ အတင်းထိုးထည့် ထားတဲ့ စာသားမှာ
တွဲခိုလို့ လက်ရှိမျက်မှောက် ကာလ
ဆင်ကန်းတောတိုး
ရှပ်အင်္ကျီလေးဝတ်လို့  မသေဆုံးဖို့  လျှောက်လွှာနဲ့ 
အလုံ ဆီဖြည့် စားသောက်ဆိုင်မှာ ဆေးမှင်ထိုးထားတယ်
နံပါတ် ပါ ဖုန်းလေးကို တီဗွီလို ကြည့်ရင်း
သစ်ကုလားအုပ် တွေ ငိုတယ်
အဝေးကြည့် မျှော်စင်တွေ ငိုတယ်
ဒီနေ့ ဘယ်မှာ နားမလဲ အူမကို အမြန်ချောပို့ ပြီး
ဆက်သွယ်ရမယ် ။

ရေဆေးပန်းသီးသို့ 

ရင်ဘက်ကို ခွဲစိတ်ခန်းပို့ ပြီး
လုံခြုံရေးကင်မရာတွေအပြည့် တင်ထားတဲ့ နှလုံးသားနဲ့ 
အတိက်စိုက်ခင်းကိုအန်တုစေလိုက်၏
ထောင်ငါးရာဘေထုပ်များ
သဂြိုလ်စက်ထဲလည်ပတ်စေ
ငါ့ အချစ် ငါ့မေတ္တာ
ဈေးဝယ်ခြင်း ခွင့်မပြု
ရင်ဘက်အတုနဲ့ ဟို မိန်းမ
ငါ့.မြင်ခြင်းပင်လယ်
စီးဆင်းစေတာ.မင်းမရယ်စေရဖို့ 
ခု အခု ချက်ခြင်း ဖဲကြိုးဖြတ်ပြီး
နောက် ဘ၀ရာသီ ထိအောင်
ငါ့လက်မှတ် ထိုးလိုက်သည် ။