Pages

Subscribe:

Sunday 1 January 2012

ငါ့ရဲ့ ထွန်ကြောင်းနဲ့ စိန်ခေါ်ပွဲ

ငါက.အမှောင်ညမှာ.မီးမရှိပဲ

မောင်းရတဲ့ ကား

ငါက..ကျရာဇာတ်ရုပ်ကိုဖြစ်သလိုချက်ပြုတ်ပြီး

ကန်သွင်းနေရတဲ့ တိုက်စစ်

ခြေမတွေ.ရထားလမ်းဖြစ်လို့ 

လက်မတွေကြား.၀ဲဖြတ်မောင်းတာတောင်

ကမ်းနဲ့ ဝေးပြီးမိုးကမလုံသေးဘူး

အမှား.အမှန်နဲ့ ရောသုပ်ပြီး

လိမ်ကျစ်ထားတဲ့ .ဟေ့..လောက

ဒီမှာ

ငါ..ခေါင်းတိုက်ပြီး.မော့သောက်ပြအုံးမယ်

ငါက…ခွေးအ..တစ်ကောင်လို.လျှာ.တစ်လစ်နဲ့ 

ငါ့..ဘီးနှစ်ဖက်ကို.သံပါက်ပေးပြီး.ဘ၀ကို

ရေးခြစ်နေရတဲ့ ..ငှတ်

ငါက..ငါ့ခန္ဓာကို.နှာဖားကြိုးတပ်လို့ 

ထွန်ယတ်နေရပြီး

မြူးဇစ်.မလှသေးတဲ့ ..ခရု

ဆံပင်တွေ..ဓာတ်ကြိုးဖြစ်

မျက်လုံးတွေ.အ၀ိစီရောက်တာတောင်

ဘူတာ.နဲ့ ဝေးပြီး..ခရီးကရှည်တုန်း

အနု.အကြမ်း.ကစားကွတ်နဲ့ 

ယိမ်းနွဲ့ နေတဲ့ …ဟေ့…လောက

ဒီမှာ

ငါ.ဧည့်ခံပြီး.သီချင်းဆိုလို့ 

ခုတ်ထစ်ပြအုံးမယ်

ငါ.ခြင်္သေ့လို

ငါ.ဧရာဝတီလို

ငါ.ဒုံပျံလို

ငါ..စပိတ်တစ်ဖဲ.လို

ဒီပွဲ.ဖလားရအောင်

ငါ..ဒေါင်းပြမယ်…အို..လောက…။

0 comments: