Pages

Subscribe:

Sunday 1 January 2012

အလုပ်လျှောက်လွှာ

ခေါင်းစဉ်မရှိတဲ့ စာတန်းအောက် နေထိုင်ခြင်းနဲ့ 
နိမိတ်ပုံတွေ အတင်းထိုးထည့် ထားတဲ့ စာသားမှာ
တွဲခိုလို့ လက်ရှိမျက်မှောက် ကာလ
ဆင်ကန်းတောတိုး
ရှပ်အင်္ကျီလေးဝတ်လို့  မသေဆုံးဖို့  လျှောက်လွှာနဲ့ 
အလုံ ဆီဖြည့် စားသောက်ဆိုင်မှာ ဆေးမှင်ထိုးထားတယ်
နံပါတ် ပါ ဖုန်းလေးကို တီဗွီလို ကြည့်ရင်း
သစ်ကုလားအုပ် တွေ ငိုတယ်
အဝေးကြည့် မျှော်စင်တွေ ငိုတယ်
ဒီနေ့ ဘယ်မှာ နားမလဲ အူမကို အမြန်ချောပို့ ပြီး
ဆက်သွယ်ရမယ် ။

0 comments: