Pages

Subscribe:

Sunday 1 January 2012

မနက်ဖြန်

အနက်နဲဆုံး နွံ တစ်ခု
ဘယ်အမှုတွဲ နဲ့ ဆွဲထားရက်တာလဲ
ပင့်သက်ချမိတဲ့ သက်ပြင်းနှစ်ချက်
အဆိပ်ခွက်ထက် ဆိုးတဲ့ အနံ့ နဲ့ အရသာ
ခန္ဓာထိရောက်အောင် တွန်းကန်ချလိုက်တယ်
မရှု့ မလှ တိုက်ပွဲကျနေတဲ့ စစ်သားလို
စိုးရိမ်ရေမှတ်အပြည့်နဲ့  စိတ်တွေ လမ်းရှောက်နေတယ်
အရေးပြား ရားရန်နေကတဲက သွေးတစ်စက်လောက်
ဖောက်ထုတ်ပစ်ဖို့ ကောင်းခဲ့ တာ
ခုတော့ဘယ်နှစ်ကြိုးတပ် ရုပ်သေးလည်းမသိတော့ပါဘူး
ကျောပေးလို့ ရပ်နေခဲ့ ရပေါ့
ဘာနဲ့ များ အရော်အစားလုပ်အုံးမလဲ
ငါ ရပ်တည်ဆဲပေါ့ ဂုဏ်ပုဒ် လည်မျိုကပွင့်ထွက်သွားခဲ့ 
သဂြိုဟ် လိုက်ပါရစေ မာယာ ဒါပေမဲ့ နင်ပါမသွားတာ
ငါသိတယ် မနက်ဖြန် ..မနက်ဖြန် .မနက်ဖြန် ။

0 comments: