Pages

Subscribe:

Sunday 1 January 2012

သတင်းအတွဲ(၂)စကားပြောစက်

ခင်ဗျား ကန့် ကွက်နိုင်ပါသည်
ခင်ဗျား ခံစားမှု ကို နေတိုးတပ်ဖွဲ့ အားဒေါ်လာပေးငှားရန်းရန် မလိုတော့ပါ
ခင်ဗျား အမွေပြတ်စွန့် လွှတ်ဖို့ ပါမလိုတော့ပါ
ခင်ဗျား ရဲ့ သွေးကျဲကျဲ စာလုံးသေးသေး ချစ်ခြင်းများအားခိုးထည့်ထားဖို့ မလိုတော့ပါ
ခင်ဗျား.လွတ်လပ်စွာ ဒီမိုကရေစီ စိုက်ထူးနိုင်ကြောင်းကိုပါ အက်ကိုး တပ်ဟစ်ကြွေးပါမယ်
ခင်ဗျား ရွာရန်မသေချာတဲ့ စံတော်ချိန်ကြားမှာ လှိုင်းမထနိုင်တာ ဓာတ်ငွေ့ ပျယ်တာတော့မဟုတ်ရပါ
ခင်ဗျား ရေးတဲ့ ဒိုင်ယာရီတိုင်း ပန်းတွေပွင့်တာ ကျွန်တော့်အတွက်မှ မဟုတ်တာကိုဗျ
ခင်ဗျား ခိုစားကျွေးခြင်းအား စောင့်မျှော်မနားခိုတော့ပါ
ခင်ဗျား ထင်နိုင်တဲ့ အတွေးကို ပြန်ရစ်ကြည့်တိုင်း နျူကလီယားဗုံးကို အစိပ်လိုက် မြိုချခြင်းနဲ့ အလင်းရှိရာမျက်ကန်းတစ်ယောက်ပါ
ခင်ဗျား အသက် ဆံသဆိုင်သွားရမှာ ဒီလို အနိစ္စကျကျ စဉ်စားကြည့်တော့ စက္ကုလို ဖြစ်တယ်
ခင်ဗျား ဒီနှစ် ဗေဒင်ဟောစာတမ်းအရ အိမ်ထောင်ဈေးကွက်တွင် ပျော်ပါးခွင့်ကို မစစ်ဆေးတော့ပါ
ခင်ဗျား ကို လွမ်းဆွေးခြင်း တစ်ပါတ်ပြည့် အား တရုတ်ရိုးရာနည်းအတိုင်းသာကုန်ဆုံးစေမယ်
ခင်ဗျား ရုပ်ရှင်ကို နောက်ထပ် မကြည့်တော့ပါ ၍ နောက်လှည့် အတင်းပြောခြင်းအားတားမြစ်ပါ၏ ။

0 comments: