၁ 
 ညစ်ညူးသံများ အားစိုက်သံများ
 ချွေးပေါက်တွေ ရွာတဲ့ ပွဲ လိုအပ်ရင် အသက်နဲ့ လောင်းရတဲ့ ပွဲပေါ့
 ဘယ်သူနိုင်မလဲ …?
 ၂
 နာကျင်ရက်စက်မှုကို ကျေနပ်စွာခံယူ
 သတ္တိများစွာရဲ့ သတ္တိနဲ့ တွန်းလှန်သူ
 ဘယ်တော့မှအရှုံးမပေးဘူးလို့ ယုံကြည့်သူ
 ၃
 သေမင်းနဲ့ ကြွေအန်ကစားတဲ့ ည
 လောင်ကျေးကတော့ … အကြီးစားပဲ 
 မထင်ရင် မထင်သလို ဖြစ်နိုင်တဲ့ ညပေါ့
 ၎
 သူ အောင်နိုင်ခဲ့ တယ် တဲ့ 
 အဲဒီ လက်မှတ်လေး ကို သူ့ ရင်ဘက်ထဲ သူ့  နိဂုံးထိ
 ခေါင်းမှာတင်လို့  သူ ရေလောင်းပေါင်းသင် 
 ရှယ် သန့် စင်အောင် ဇွန်းတပ်လို့ လေ
 ၅
 ဒီလောက ဒီ သံသရာထဲ လမ်းညွန်တွေဆွဲလို့ 
 မြေပုံတွေ ပေးလို့ ပေါ့ဗျာ 
 ၆
 အပင်လေးက ရင်သန်တော့ .ဘာပြောကောင်းမလဲ 
 ချစ်သူအတွက် ယာခင်းကို ပစ်လို့ 
 ရေတွေကို မေ့လို့  အသံကွဲနေသည် 
 စိတ်ညစ်နေသည် ခေါင်းစဉ်တွေတပ်လို့ 
 ၇
 ညက ပွဲကို ပြန်နားထောင်ကြည့်
 (ညစ်ညူးသံများ အားစိုက်သံများ
 နာကျင်ရက်စက်မှုကို ကျေနပ်စွာခံယူ
 သတ္တိများစွာရဲ့ သတ္တိနဲ့ တွန်းလှန်သူ
 ဘယ်တော့မှအရှုံးမပေးဘူးလို့ ယုံကြည့်သူ
 ဘယ်သူနိုင်မလဲ …?)
 ၈
 ကမ္ဘာကိုအလင်းပေးသူက
 ပိုစုန်းဖြူ လေးကို ပြန်အရှုံးပေးခဲ့ ရတယ် ။
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment